ကိုကိုးကျွန်း ဖေဖော်ဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မိသားစုများအား ကိုဗစ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း စာဝတ်နေရေး အဆင်ပြေစေရန် ကြက်ဥများ၊ ဟင်းသီးဟင်းရွက်များကို ဈေးနှန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်းနှင့် ယမန်နေ့ နံနက်(၉)နာရီအချိန်တွင် အမှတ်(၂၈)ရေတပ် အခြေစိုက်စခန်းမှ ဗိုလ်မှူးချစ်ကိုကို ဦးဆောင်မှုဖြင့် အမှတ်(၂၈)ရေတပ် အခြေစိုက်စခန်းမှ မွေးမြူထားသော ကြက်ခြံမှထွက်ရှိသော ကြက်ဥများကို မြို့နယ်အတွင်း ဖွင့်လှစ်ထားသော တပ်တွင်းသမတွင် ကြက်ဥတစ်လုံးလျှင်(၁၁၀)နှန်းဖြင့် တစ်အိမ်ထောင်လျှင်(၁၀)လုံး ရောင်းချပေးခဲ့ပြီး ကြက်ဥစုစုပေါင်း(၅၈၅)လုံး အိမ်ထောင်စု (၅၈)စုအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အမှတ်(၂၈)ရေတပ်အခြေစိုက်စခန်း ဥယျာဉ်ခြံမြေမှ စိုက်ပျိုးထားသော မုန်လာဥများ၊ ဆလပ်ရွက်များ၊ ချဉ်ပေါင်ရွက်များ၊ ခရမ်းချဉ်သီးများ၊ ခရမ်းသီးနှင့် မုန်ညှင်းရွက်အစရှိသော ဟင်သီးဟင်းရွက်ပစွည်းများကို လစဉ်ပုံမှန်ရောင်းချပေး သွာမည်ဖြစ်ကြောင်း သိရပြီး ဟင်းသီးဟင်းရွက်များကို တန်းတူရရှိနိုင်ရန်နှင့် ဈေးနှုန်းများအား ချိုသာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)