မိုင်းရယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နှာခေါင်းစည်းဝတ်ဆင်ရေး စည်းရုံးလှုံ့ဆော်မှု ပြုလုပ်

မိုင်းရယ်  ဖေဖော်ဝါရီ  ၂၁

မြန်မာနိုင်ငံတွင် ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကူးစက်မှုများတွေ့ရှိနေရပြီး မိုင်းရယ်မြို့နယ် ပြည်သူများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ရေးစည်းကမ်းများ နှင့်အညီ သွားလာနေထိုင်ရန်အတွက် အသိပညာပေး နှာခေါင်းစည်းဝတ်ဆင်ရေးကို ယမန်နေ့ နံနက် ၇ နာရီခွဲက မိုင်းရယ်မြို့တွင် ပြုလုပ်သည်။

အသိပညာပေး နှာခေါင်းစည်းဝတ်ဆင်ရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ မိသားစုစည်းကမ်း ထိန်းသိမ်းရေး ကော်မတီဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များက ပြည်သူ များအား ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်စေပြီး ဖြန့်ဝေသည်။

မိုင်းရယ်မြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၅၀၈) ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ (၄၈၂) ဦး၊ သေဆုံးလူနာ (၁၈) ဦး၊ ဆေးကုသမှုမခံယူ ခဲ့သော လူနာ(၂) ဦး၊ ဆေးရုံတွင် စောင့်ကြည့်ကုသလျက်ရှိသူ (၂) ဦးနှင့် Home Isolation ထားရှိသူ (၄) ဦးရှိကြောင်း မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာန မှ သိရသည်။

မိုင်းရယ် ပြန်/ဆက်