တန့်ယန်း ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွမ်) ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တို့ပူးပေါင်းကာ နှာခေါင်းစည်း Face Mask များအခမဲ့ ဖြန့်ဝေပေး ခြင်း Mask Campaign ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဆောင်ရွက်ကြသည်။
အဆိုပါ Mask Campaign ဆောင်ရွက်ခြင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် နှာခေါင်းစည်း Face Mask အခမဲ့ ဖြန့်ဝေခြင်းအား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းကျော်၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး စိုင်းလှထွန်းနှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ Mask (၅၀၀)ကို ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများအား မြို့ဝင်ဂိတ်တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)