အလုံမြို့နယ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (Quarantine Centre) များ ကြိုတင် ပြင်ဆင်ဆောင်ရွက်

အလုံ  ဖေဖော်ဝါရီလ  ၂၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊  အလုံမြို့နယ်တွင်  ပိုးတွေ့လူနာများထားရှိရန်အတွက်   အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (Quarantine  Centre) များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းကို  ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ နံနက်(၁၀) နာရီအချိန်က  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Quarantine Centre များကို   မြို့နယ်အတွင်းရှိ ခန်းမများ၊ ဓမ္မာရုံများ၊ စာသင်တိုက်များ၊ စာသင်ကျောင်းများစသည့် နေရာများတွင်  Quarantine Cenrtre (၉) ခုအား  ကျန်းမာရေးဝန်ကြီး ဌာန၏  ညွှန်ကြားချက်များ နှင့်အညီ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ပြင်ဆင်ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်းကာ  သန်းရှင်းရေးပြုလုပ်ခြင်း၊ အိပ်ယာ၊ နေရာထိုင်ခင်းများပြင်ဆင်ခြင်းနှင့် လိုအပ်သည်များ  ကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ Quarantine Centre (၉)နေရာတွင် လူဦးရေ (၂၆၂)ဦးအား ထားရှိသွားမည်ဖြစ်ကြောင်း သတင်းရသည်။

တင်တင်ချို (ပြန်/ဆက်)