ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုမှ မှန်တောကျေးရွာသို့ သောက်သုံးရေလှူဒါန်း

ညောင်ဦး  ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ထီးပုကျေးရွာအုပ်စု မှန်တောကျေးရွာသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုက ယနေ့နံနက် ၈နာရီအချိန်က သောက်သုံးရေ ဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

မှန်တောကျေးရွာသည် ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ထီးပုကျေးရွာအုပ်စုတွင် ပါဝင်ပြီး ညောင်ဦးမြို့မှ  ၂၅မိုင်ခန့်၊ ငါ့သရောက်မြို့မှ ၉မိုင်ခန့်၊ ကွာဝေးကြောင်းသိရသည်။

ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျှက်ရှိသော ကျေးရွာများသို့ ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ မှန်တော ကျေးရွာအတွက်လည်း သောက်သုံးရေ ၁၆၀၀ဂါလံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းမှု စုစုပေါင်း ၇၈၆၀၀ရေဂါလံ လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 ကိုထိန်