တာချီလိတ်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးနေသူများနှင့် ကတ်မပြုလုပ်ရ‌သေးသူများအား ကွင်းဆင်းဆောင်ရွက်ပေး

တာချီလိတ် နိုဝင်ဘာ ၂၅

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံးနေသူများနှင့် ကတ်မပြုလုပ်ရသေးသည့် ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နံနက်ပိုင်းမှစတင်ကာ မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမ၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်‌ပေးရာတွင် တာချီလိတ်မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦးနှင့် ဝန်ထမ်းများက  နိုဝင်ဘာ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ တာချီလိတ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ  နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးနေသူများနှင့် ကတ်မပြုလုပ်ရသေးသူများကို လိုအပ်သော သက်သေခံအထောက်အထား စာရွက်စာတမ်းများစိစစ်၍ Biometric Data (UID) အချက်အလက်များအား one stop services ဖြင့် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုးဖြင့် မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)