ဒေးဒရဲမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ တရားမဝင်လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာများရှိ ကျောင်းသား၊ကျောင်းသူများ ပြင်ပဗဟုသုတများတိုးပွားစေရေး၊ တရားမဝင်လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်များကို ကြိုတင်သတိထားရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁) နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လမ်းမတော်မြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က လမ်းမတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ) ကျွန်းစုမြို့နယ်တွင် မဲစာရင်းများ ဒုတိယအကြိမ် ကြေညာထားမှုနှင့် မြိတ်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း စဉ်များ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး  

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ)၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ(၂၅)ရက် နံနက်ပိုင်းက ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု  ပထော်/ပထက်ကျေးရွာ၌ မဲဆန္ဒရှင်ပြည်သူများ၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန်နှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရန်အတွက် မဲစာရင်းများ ဒုတိယအကြိမ် ကြေညာထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။

လသာမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးမြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုပ်ငန်းများပိုင်နိုင်စွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ပဲခူးတက္ကသိုလ် Community Centre ခန်းမ၌ ကျင်းပသည်။

တံတားမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား အပတ်စဉ် ကိုယ်ဝန်ဆောင်မိခင်များအားကျန်းမာရေးစောင့်ရှောက်ခြင်းကို  ယ‌နေ့ နံနက် (၁၀) နာရီက ကျေးလက် ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ်ပေးလျက်ရှိသည်။

လသာမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်း အနားကို ယနေ့ နံနက် ၈ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားတက်ရောက်

မွန်ပြည်နယ် ၂ဝ၂၅ ခုနှစ်၊ “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု “အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ် ခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ် အတွင်း ရပ်ရွာများတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းက ဖွင့်လှစ်ထားသည့် အမျိုးသမီးဂေဟာများတွင်အမျိုးသမီးများ၏လုံခြုံရေးအတွက် ယာယီနားခိုရာနေရာများ စီစဉ်ပေးခြင်း၊ တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကျောင်းစရိတ် ထောက်ပံ့ပေးခြင်း၊ စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်း၊ တရားဥပဒေအကူအညီနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် အခြားသောဝန်ဆောင်မှုများ ရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွင်း အမျိုးသမီးအဖွဲ့အစည်းများနှင့် ဆက်စပ်ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့ရဲ့ဆောင်ရွက်မှုတွေဟာ ထိရောက်သည့်ဆောင်ရွက်မှုဖြစ်စေရေး၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများရပ်တန့်ရန်အတွက် ထိရောက်တဲ့ပြစ်ဒဏ်ပေးခြင်း၊ အမျိုးသမီးများအတွက် ဥပဒေအကာအကွယ် ရယူနိုင်ရန် ဆောင်ရွက်ပေးခြင်းတို့ကို ဝိုင်းဝန်းလုပ်‌ဆောင်ပေးကြရန် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မန္တလေးဗဟိုအကျဉ်းထောင်ရှိ အချုပ်သားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ပြုလုပ်ပေး

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ မန္တလေးဗဟိုအကျဉ်းထောင်ရှိ အချုပ်သားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် ဇီဝအချက်အလက်စာရင်း (UID)ရိုက်ပေးခြင်းကို  နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက အဆိုပါအကျဉ်းထောင်တွင် ပြုလုပ်ကြသည်။

ချောင်းဆုံမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်

မွန်ပြည်နယ် ချောင်းဆုံမြိုနယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ စိတ်အေးချမ်းသားစွာ ဆန္ဒမဲပေးနိုင်ရန်အတွက်  နိုဝင်ဘာ (၂၅) ရက်နေ့က ကျွန်းသာယာခန်းမ၌  ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
Subscribe to