တိုက်ကြီးမြို့နယ်၌ စာဖတ်ခြင်းဖြင့် မှန်ကန်ကောင်းမွန်သည့် အတွေးအခေါ် အမြော်အမြင်များ ရရှိစေရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ခြင်းဖြင့် လူ့စွမ်းအားဖွံ့ဖြိုး၍ ဗဟုသုတများ တိုးပွားလာစေရေးနှင့် မှန်ကန်သော အတွေးအခေါ် အမြော်အမြင်များ ရရှိစေရေးရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မူလွန်(မြို့မ ၇)နှင့် အ.မ.က(မြို့မ ၈)တို့၌ ကျင်းပသည်။

သဲကုန်းမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များမှ ကိုယ်ဝန်ဆောင်မိခင်အား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များမှ ယနေ့နံနက်ပိုင်းက ကိုယ်ဝန်ဆောင်မိခင်အား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာများ ဆက်လက်ထုတ်ပေး၍ စားသုံးဆီများ ဆက်လက်ရောင်းချပေးလျက်ရှိ

ကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာများ ဆက်လက်ထုတ်ပေးလျက်ရှိရာ မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများနှင့် တာဝန်ခံ ဦးညီသန်းရွှေတို့က အငြိမ်းစားပင်စင်လစာထုတ်ယူသူများအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာမှုအား အသိပညာပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာမှုအား ပြည်သူများ သွားရောက်ကြည့်ရှုနိုင်ရေး ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပညာပေး နှိုးဆော်ကြသည်။

ယင်းမာပင်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

ယင်းမာပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က ယင်းမာပင်မြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(၂)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ နည်းပြဆရာဖြစ်သင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု နည်းပြဆရာဖြစ်သင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ပေးခဲ့သည်။

ဇလွန်မြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်ပို့ချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အတွင်း တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချပေးခဲ့သည်။

ရပ်စောက်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရန်အတွက် လူငယ်ငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအလယ်တန်းကျောင်း လွယ်ဆင် ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် မဲဆန္ဒရှင်အမည်စာရင်းများကို အများပြည်သူများကြည့်ရှုနိုင်ရေး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းမှစတင်၍ ဒုတိယအကြိမ် ကပ်ထားကြေညာကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်

ကျိုက်မရောမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကျိုက်မရော မြို့မစျေးကြီးနှင့်ပိန်းနဲကုန်းကျေးရွာ အောင်ရတနာစျေးတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to