မိုင်းဖြတ် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းကို တိုင်းရင်းသားဘာသာစကားဖြင့် လှည့်လည်နှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်ထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစိုင်းကိုနှင့် တာဝန်ရှိသူများက မြန်မာ၊ ရှမ်း၊ အာခါ၊ လားဟူဘာသာစကားများဖြင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်အခြေအနေများ၊ မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားသည့် အခြေအနေများ၊ မဲစာရင်းတွင် မိမိအမည် ပါ/မပါ၊ မပါသင့်သူများ စသည့်အကြောင်းအရာများကို သတ်မှတ်ထားသည့် ပုံစံများဖြင့် လျှောက်ထားနိုင်ရေးတို့ကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများကို နိုဝင်ဘာလ ၂၁ ရက်ကနေ ဒီဇင်ဘာလ ၄ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားမှာဖြစ်ပြီး (ဒုတိယ)အကြိမ် မဲဆန္ဒရှင် စာရင်းထုတ်ပြန်ချက် စာရင်းအရ မဲဆန္ဒရှင် စုစုပေါင်း (၂၀၀၄၅) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)