စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး တက်ရောက် 

မုံရွာ နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၀/၂၀၂၅) အစည်းအဝေးကို နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင်  တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှပ်နှံမှုလုပ်ငန်းအသစ်များ ဝင်ရောက်လာစေရန်နှင့် လက်ရှိလည်ပတ်နေသည့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများအား အဆင်ပြေပြေ ချောချောမွေ့မွေ့အခက်အခဲများ ကြန့်ကြာမှုမရှိအောင် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အပါအဝင် ဆက်စပ်ဌာနဆိုင်ရာအားလုံးက ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း လက်ရှိလုပ်ငန်းများအပြင် အခြားခြားသောလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်စေရန်၊ လုပ်ငန်းများအဆင်ပြေချောမွေ့အောင် ကြိုးစားသွားကြရန်နှင့် အခက်အခဲများရှိပါက သက်ဆိုင်ရာဌာနများသို့တင်ပြပြီး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများမှလည်း လိုအပ်သည်များ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးသွားကြရန်နှင့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းအသစ်များ တိုးမြင့်ဝင်ရောက်လာစေရေး အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆင့်ဆင့်သန်းက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် အောက်တိုဘာလအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့မှုလုပ်ငန်းများနှင့် ပတ် သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကုမ္ပဏီလုပ်ငန်းရှင်များနှင့် ကော်မတီအတွင်းရေးမှူးတို့က ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှပ်နှံမှုဖြင့် Heli Myanmar Co,ltd (ဟယ်လီမြန်မာ ကုမ္ပဏီလီမိတက်)မှ စစ်ကိုင်းမြို့တွင် SKD စနစ်ဖြင့် Forklift အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ခွင့်ပါရန် အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းကိစ္စနှင့် ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှပ်နှံမှုဖြင့် နှစ်ဘီးဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် Great Sapphire Co,ltd (မဟာနီလာကုမ္ပဏီလီမိတက်) မှ ရင်းနှီးမြှုပ်နှံသည့် အရပ်ဒေသ၏ မြေဧကလျှော့ချပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။    

ဆက်လက်၍ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များက မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည့်အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။

ထို့နောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)