မရမ်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉​ရောဂါ ကာ​ကွယ်​ရေးအသိပညာ​ပေးခြင်းနှင့် Mask Campaign ပြုလုပ်

မရမ်းကုန်းဖေ​ဖော်ဝါရီ  ၂၂

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အမှတ် ()ရပ်ကွက် ကျိုက်ဝိုင်းဘုရားလမ်းရှိ ​ခေမာရာမ ကျိုင်းတုံ​ကျောင်းတိုက် အတွင်း ယမန်​နေ့နံနက် ၉း၃၀နာရီအချိန်က ကိုဗစ်-၁၉​​ရောဂါကာကွယ်ဆေး SputnikLight တကြိမ်တည်း ဆေးထိုးရန်လာ​ရောက်သည့် မိဘပြည်သူများသို့ ကိုဗစ်-၁၉​ရောဂါကာ​ကွယ်​ရေးအသိပညာ​ပေးခြင်းနှင့်Mask Campign ပြုလုပ်​ဆောင်ရွက်ခဲ့သည်။

အဆိုပါ​ဆောင်ရွက်မှုများတွင် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့မှ ပူ​ပေါင်းဆောင်ရွက်ခဲ့ပြီး မိဘပြည်သူများသို့ ကိုဗစ်-၁၉​ရောဂါမှကာကွယ်နိုင်ရန် စနစ်တကျ နှာ​ခေါင်စည်း တပ်ဆင်​ရေး၊ လက်ကို မကြာခဏ​​ဆေး​ရေးအစရှိသည့် အသိပညာ​ပေးပြောကြားခြင်းများ​ ဆောင်ရွက်ပြီး နှာ​ခေါင်းစည်း (mask)စုစု​​ပေါင်း ၂၀၀၀ခုအား ဖြန့်​ဝေ​ပေးခဲ့​ကြောင်းသိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)