ဟိုပုံးမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေး Mask Campaign ဆက်လက်ဆောင်ရွက်

ဟိုပုံး  ဖေဖော်ဝါရီ  ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်(Omicron)  ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ကို ယနေ့နံနက် (၈)နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ ပြည်ထောင်စုလမ်းမကြီးနှင့် လမ်းဆုံနေရာများတွင် ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများက ပူး‌ပေါင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ Mask Campaign ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များပူး‌ပေါင်း၍ ခရီးသွားပြည်သူများအား  နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှာ ခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေးကို တတ်နိုင်သမျှရှောင်ရှားရန်၊ လက်ကို စနစ်တကျ ဆေးကြောရန်  အစရှိသည့် ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးပြောင်း အိုမီခရွန်(Omicron)  ကြိုတင် ကာကွယ်နိုင်ရေး နည်းလမ်းများကို အသိပညာပေး ပြောကြားပြီးနောက် နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ပြန်လည်တွေ့ရှိနေရသောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)