မိုင်းဖြတ်၌ ကိုဗစ်-၁၉ ဗီဇ​ပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

မိုင်းဖြတ် ​​ဖေဖော်ဝါရီ  ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇ​ပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် လိုက်နာရမည့် အချက်များကို ယမန်​နေ့ည​နေက  နမ့်ကုန်းကျေးရွာနှင့် နမ့်လန်းကျေးရွာများသို့ Hand Speakerဖြင့် အသိပညာပေး နှိုး​ဆော်ခဲ့သည်။

ထိုသို့ အသိ​ပညာပေးနှိုး​ဆော်ရာတွင် မြို့နယ်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ​ဒေါ်​ဌေး​ဌေးမာနှင့် ​ဒေါ်နန်း​ကောင်ခမ်းတို့က ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron)​ရောဂါ မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉​ရောဂါနှင့် လုံးဝမတူ​တော့ခြင်း၊ ယခင် ကိုဗစ်-၁၉​ရောဂါ ကူးစက်ခံရသူများ ပြန်လည်ကူးစက်နိုင်ခြင်း၊ ​ရောဂါကူးစက်မှု မြန်ဆန်ခြင်းကို အသိ​ပေးနှိုး​ဆော်ခဲ့သည်။

ထို့​နောက် ​ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေး လူစုလူဝေးရှောင်ရှား​ခြင်း၊ နေအိမ်အပြင်သို့ထွက်ပါက နှာ​ခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်​ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာမှနေထိုင်စကား​ပြောခြင်း စသည့် ​နည်းလမ်းများကို ရှမ်း/မြန်မာနှစ်ဘာသာဖြင့် အသိ​ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

​သန်းထွန်း​အေး