မဲဇလီကုန်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (ပထမအကြိမ်) Phase -7 ဆက်လက် ထိုးနှံပေးလျက်ရှိ

အင်္ဂပူ ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့ အမှတ် (၂) ရပ်ကွက် ဗိုလ်အောင်ကျော်ခန်းမ ဆေးထိုးစုရပ်တွင် တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေး သည့် ကျေးလက်နေပြည်သူများအား Phase-7 (ပထမအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ပြီး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံရာတွင် တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေးမထိုးရသေးသည့် သူများအား Phase-7 (ပထမအကြိမ်) အဖြစ် ​ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကျန်းမာရေးဝန်ထမ်းများမှ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေး ခြင်း၊ ဆေးထိုး​ပြီးပါက ဓာတ်မတည့်ခြင်း ဘေးထွက်ဆိုးကျိုး လက္ခဏာများဖြစ်ပေါ်လျှင် ချက်ခြင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှုစောင့်ကြပ် ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ကာကွယ်‌ရေး နည်းလမ်းများနှင့် အညီ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံရာတွင် မြို့ဌာနဆိုင်ရာ စီစစ်ကြီးကြပ်ရေးအဖွဲ့၊ လူမှုရေး အသင်းအဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများမှ ပူးပေါင်းပြီး ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)