ချောက်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ( Mask Campaign) နှင့် အသိပညာပေးလုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်

ချောက်  ဖေဖော်ဝါရီ ၂၄

မ​ကွေးတိုင်း​ဒေသကြီး၊ မ​ကွေးခရိုင်၊ ​ချောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးပြောင်း အိုမီခရွန် (Omicron)ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ​ဒေသခံပြည်သူ များ (Mask) စနစ်တကျတပ် ဆင်သွားလာသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် နေအိမ်မှ ပြင်ပသို့ ထွက်ခွာသွားလာသည့်အခါတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်သည့် အလေ့အကျင့်များ ရရှိလာစေရန် ရည်ရွယ်၍ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို  ယနေ့ နံနက်(၈:၀၀)နာရီက​ ချောက်မြို့လယ် လူစည်ကားရာ လမ်း​မတော် လမ်းတ​လျောက်တွင် နှာခေါင်းစည်း (Mask) ဖြန့်ဝေခြင်း(Mask Campaign)  နှင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။  

ထိုသို့​ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်ညွှန်ကြားမှုဖြင့် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးစီးဌာန၊ မြို့နယ်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မှတာဝန်ရှိသူများနှင့် ပြည်သူ့ကျန်းမာ​ရေးဝန်ထမ်းများ ပူးပေါင်း၍​ ချောက်မြို့လယ် လူစည် ကားရာ လမ်းမ​တော်​လျောက်သွားလာသည့် လမ်းသွားလမ်းလာများ၊​ ခရီးသည်တင် မော်​တော်ကား၊ သုံးဘီးဆိုင်ကယ်နှင့် သွားလာကြ သူများအား နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်ရန် အသိပညာပေး ပြောကြားပြီးနောက် နှာခေါင်းစည်း Mask များအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။   

ကျော်မိုး(ပြန်/ဆက်)