အောင်လံမြို့နယ်၌ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့်Mask Campaign ဆောင်ရွက်

အောင်လံ ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်တွင် ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြည်လမ်း အ.ထ.က(၁) ကျောင်းရှေ့တွင် Mask Campaign ဆောင်ရွက်ခဲ့သည်။

အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ခရီးသွားပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများ၊ မော်တော်ယာဉ် မောင်းနှင်လာသူ များနှင့် ခရီးသည်များအား နှာခေါင်းစည်း(Mask) တပ်ဆင်ရေး၊ ကာကွယ်ဆေး ထိုးနှံရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လိုက်နာရမည့်စည်းကမ်းချက်များအပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား အသိပညာပေးခဲ့ပြီး နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဇင်ဇင်မင်းမောင်(ပြန်/ဆက်)