တိုက်ကြီးမြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

တိုက်ကြီး     ဖေဖော်ဝါရီ        ၂၄

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသူ  ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က  အိုးတန်းရပ်ကွက် ရန်ကုန် - ပြည်လမ်းဘေးရှိ မြို့နယ်သာသနာ့​ဗိမာန်တော်၌ ဆက်လက်   ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 မြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသော  အသက် ၁၈ နှစ်အထက်ပြည်သူ    များအား  ပထမအကြိမ်အဖြစ်  (၁၈၇)  ဉီး၊ ဒုတိယအကြိမ်အဖြစ် ( ၂၈၆ ) ဉီး စုစုပေါင်း ( ၄၇၃)  ဉီးအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းတွင် စာရင်းရေးသွင်း စေခြင်း၊ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေး ထိုးပြီးချိန်တွင်လည်း နာရီဝက်ခန့် စောင့်ကြည့်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း   QR Code စနစ်ပါဝင်သည့် မှတ်တမ်းစာရွက်များပြုလုပ်နိုင်ရေး စာရင်းရေး သွင်းခြင်းနှင့် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား QR Code စနစ်ပါဝင်သည့် မှတ်တမ်းစာရွက်များအား ပေးအပ်ခြင်းတို့ကို မြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ ပရဟိတအသင်း အဖွဲ့ဝင်များက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက် ပေးခဲ့သည်။

 တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအား ဇန်နဝါရီလ၂၀ ရက်နေ့တွင် ထပ်မံတွေ့ရှိခဲ့ပြီး ယမန်နေ့ အထိ ပိုးတွေ့လူနာ ( ၁၇၅)  ဉီး ၊ သေဆုံးသူ ( ၄)  ဉီးအထိ ရှိလာပြီးဖြစ်သဖြင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများ အတိုင်း တိကျစွာ လိုက်နာနေထိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံနိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဉီးဆောင်မှုဖြင့် တာဝန်ရှိသူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင်