လပွတ္တာ ဖေဖော်ဝါရီ ၂၄
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လပွတ္တာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအသိပညာပေး သင်တန်းကို ယနေ့နံနက် (၁၁)နာရီအချိန်က လူငယ့်အားမာန်သင်တန်း ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်စိုးကျော်က သက်ကြီး ရွယ်အိုများဆိုင်ရာ ဥပဒေအကြောင်း မိတ်ဆက်ရှင်းလင်း ပြောကြားသည်။
ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်ဖြိုးက သက်ကြီးရွယ်အိုဆိုသည်မှာ အသက်(၆၀)နှစ်နှင့်အထက်ရှိသော မြန်မာနိုင်ငံသားအားလုံးကို ဆိုသည်။ အိုမင်းမစွမ်းသူ၊ စရိတ်ထောက်ပံ့မှုလိုအပ်သော မိဘဘိုးဘွား၊ စရိတ်ထောက်ပံ့မှုဆိုင်ရာ၊ မိဘ၊ သားသမီး၊ သက်ကြီးရွယ်အို သက်သေခံကတ်ပြား၊ မိသားစုစောင့်ရှောက်မှု၊ အိမ်အခြေပြု၊ ရပ်ရွာအခြေပြုစောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု စသည့် အကြောင်းအရာများ ပို့ချခဲ့သည်။ သင်တန်းသို့ ဒေသဆိုင်ရာကော်မတီများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)