သဲကုန်းမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များမှ ကိုယ်ဝန်ဆောင်မိခင်အား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

သဲကုန်း နိုဝင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များမှ ယနေ့နံနက်ပိုင်းက ကိုယ်ဝန်ဆောင်မိခင်အား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် သဲကုန်းမြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်လှလှရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များမှ ကန်တော်မင်္ဂလာရပ်ကွက်၊ ညောင်ကုန်းလမ်းရှိ ကိုယ်ဝန်ဆောင်မိခင် ဒေါ်ဆွေဇင်သိန်းအား  ကြက်ဥ၊ ငှက်ပျောသီး၊ဆားနှင့် မုန့်များ ပေးအပ်လှူဒါန်းခဲ့သည်။

သဲကုန်းမြို့နယ်ရှိ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များအနေဖြင့် မြို့နယ်အတွင်းရှိ သက်ကြီးအဘိုး/ အဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား အလှူငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် အသိပညာပေး ဟောပြောပွဲများတွင် ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)