ကျိုက်မရော နိုဝင်ဘာ ၂၅
ကျိုက်မရောမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကျိုက်မရော မြို့မစျေးကြီးနှင့်ပိန်းနဲကုန်းကျေးရွာ အောင်ရတနာစျေးတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးရာ၌ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးတင်သောင်း ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနော်ခမ်း၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးလွင်နှင့် စျေးတာဝန်ခံဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအာကာစိုးထိုက်နှင့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများ စုစုပေါင်း အင်အား ၁၅ ဦးတို့က စျေးများမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများထားရှိမှု၊ ရေသိုလှောင်ကန်များထားရှိမှု၊ မီးသတ်စက်ထားရှိမှု၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှု၊ မီးချိတ်မီးကပ်များ၊သဲပုံးများထားရှိမှုကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး