ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်ပထမနှစ် တက်ခွင့်ရကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကျင်းပ

၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ပထမနှစ် သင်တန်းသို့ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် နည်းပညာတက္ကသိုလ်ကျောင်း ဟောခန်းမတွင် ပြုလုပ်ခဲ့သည်။

ခန္တီးမြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မီးလောင်မှုမီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုအနေဖြင့် ယနေ့နံနက် (၉) နာရီခွဲအချိန်က ပေါမိုင်းရပ်ကွက်ရှိ စွမ်းထက်စက်သုံးဆီဆိုင်အား သွားရောက်စစ်ဆေးခဲ့သည်။

ကျေးလက်နေပြည်သူများအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် လင်မလိုကြီးကျေးရွာနှင့် သဲတန်းကြီးကျေးရွာတို့ကို ဆက်သွယ်ဖောက်လုပ်မည့် ကျေးရွာချင်းဆက် လင်မလိုကြီး-သဲတန်းကြီး မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို ကျပ်သန်း (၆၀၀) ကျော်ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် အ.ထ.က(၃) ကျောင်းရှိ ဟားခါးပညာရေးဒီဂရီကောလိပ် သီရိရတနာခန်းမတွင် နေရပ်စွန့်ခွာပြည်သူများ ကြိုတင်ဆန္ဒမဲပေး

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အ.ထ.က(၃)ကျောင်းရှိ ဟားခါးပညာရေး ဒီဂရီကောလိပ် သီရိရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက နေရပ်စွန့်ခွာပြည်သူများ ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည်။

မောက်မယ်မြို့နယ်၌ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာအမူအကျင့်ပြောင်းလဲရေးအသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးကျင်းပသည့် အာဟာရနှင့် ကျန်းမာရေးအမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။                     

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ကျန်းမာရေးအသိပညာပေးလုပ်ငန်းနှင့် ကိုဗစ်၁၉ရောဂါကာကွယ် ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ကျန်းမာရေးအသိပညာပေးလုပ်ငန်းနှင့် ကိုဗစ်၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လွတ်လပ်ရေးရပ်ကွက်ရှိ၊ မြန်မာ့စီးပွားရေးဘဏ်(ကြည့်မြင်တိုင်ဘဏ်ခွဲ)သို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ဒုတိယအကြိမ် မဲစာရင်းကပ်ထားခြင်းနှင့် မဲရုံများအား တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိသော ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံများအား ယနေ့ နံနက် (၁၀)နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ်၊အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနား တက်ရောက်

၂၀၂၅ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ အမျိုးသမီးရေးကို ဆောင်ရွက်လျက်ရှိသော အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် အရပ်ဖက်အမျိုးသမီးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့နယ်၌ မဲရုံမှူး၊ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲနှင့် တစ်ဆက်တည်း သင်တန်းပို့ချခြင်းကို နိုဝင်ဘာ ၂၄ ရက်နံနက် ၉ နာရီခွဲက သာစည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။

ပြည်မြို့ ရေနံထွက်ပစ္စည်းစိစစ်ကြီးကြပ်ရေးရုံးခွဲ၌ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်

ပြည်မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ပြည်မြို့ရှိ ပဲခူးတိုင်းဒေသကြီး ရေနံထွက်ပစ္စည်းစိစစ်ကြီးကြပ်ရေးရုံးခွဲ(ပြည်)၌ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုတို့ကို ကွင်းဆင်းဆောင်ရွက်ကြသည်။
Subscribe to