ကျောက်တံခါးမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

ကျောက်တံခါး နိုဝင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် မဲဆန္ဒရှင်အမည်စာရင်းများကို အများပြည်သူများကြည့်ရှုနိုင်ရေး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းမှစတင်၍ ဒုတိယအကြိမ် ကပ်ထားကြေညာကြောင်း သိရသည်။

မဲဆန္ဒရှင်ပြည်သူများက ပထမအကြိမ်ကပ်ထား ကြေညာသည့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကို ထပ်မံကပ်ထား ကြေညာခြင်းဖြစ်သည်။

အဆိုပါ ဒုတိအကြိမ် မဲဆန္ဒရှင်စာရင်းများ ပြသထားရှိမှုကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၄ ရက်နေ့ထိ ကြေညာထားမည်ဖြစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၏ မဲဆန္ဒရှင်အမည်စာရင်းများကို ပြည်သူများ အလွယ်တကူကြည့်ရှု့နိုင်ရန် စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိရေး ကြည့်ရှုစစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)