ရပ်စောက်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ကျင်းပ

ရပ်စောက် နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရန်အတွက် လူငယ်ငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအလယ်တန်းကျောင်း လွယ်ဆင် ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က လူငယ်စကားဝိုင်းကျင်းရခြင်း၏ ရည်ရွယ်ချက်ဖြစ်သည့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့်ဗလငါးတန်နှင့် ဖွံ့ဖြိုးတိုးတက်လာ‌စေရန်၊ လူငယ်များအနေဖြင့် အသိပညာဗဟုသုတများ ပိုမိုတိုးတက်သိရှိလာစေရန်၊ စကားပြောအတက်ပညာများ ကျွမ်းကျင်တက်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတက်စေရန်၊ လူငယ်အချင်းချင်းတစ်ဦးနှင့်တစ်ဦးရင်းနှီး ခင်မင်ကာ ပူးပေါင်းဆောင်ရွက်နိုင်သော အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန် ရည်ရွယ်၍ ပြလုပ်ရခြင်းဖြစ်‌ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် Grade-6 မှ မ‌ရွှေတီ၊ မသဲအိစိုး၊ Grade-7မှ မဆုယမင်း‌သော်၊ Grade-8မှ မနှင်းနွယ်အေး၊ မဇင်ဇင်ထွန်းတို့က လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်နည်းပညာ စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ လူငယ်စကားဝိုင်း တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကာ မြို့နယ်ဦးစီးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)