သံတွဲ ဖေဖော်ဝါရီ ၂၅
သံတွဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covaxin/Sinopharm ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှစတင်၍ သံတွဲမြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစင်တာများ၌ ဆက်လက် ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ပဥ္စမအသုတ်(ဒုတိယ)အကြိမ် အဖြစ်ထိုးနှံရာတွင် အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ(၂၃)ဦး၊ မှီခိုသူ(၇)စုစုပေါင်း (၉၀)ဦး ကိုထိုးနှံပေးခဲ့သည်။
ထို့အပြင် သံတွဲမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ကာကွယ်ဆေးထိုး စင်တာများတွင်တွင် သတ္တမအသုတ် (ပထမ)အကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံသူ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၆၈ ဦး၊ မှီခိုသူ ၂၂ ဦး နှင့် စုစုပေါင်း (၉၀)ဦးအား Covaxin ကာကွယ်ဆေးတို့ကို ထိုးနှံပေးခဲ့ကြောင်းနှင့် ဆဌမအသုတ်(ဒုတိယ)အကြိမ်အဖြစ် အခြားဝင်ငွေရှိသောလုပ်ငန်း လုပ်ကိုင်သူ (၃၃)၊ မှီခိုသူ(၂၂) ဦး၊ စုစုပေါင်း(၅၅)ဦး တို့ကို ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး Covidshield ထိုးနှံပေး ခဲ့သည်။
ထိုသို့ဆေးထိုးနှံခြင်းကို ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ရဲဝင်းထွန်းနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)