မုဒုံ ဖေဖော်ဝါရီ ၂၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကျေးလက်ဒေသများနှင့် မြို့အနီးအနားဝန်းကျင်မှ ဘူးပင်စိုက်တောင်သူများ တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ဘူးပင်များကို စတင်စိုက်ပျိုးရသော အပင်အမျိုးအစားဖြစ်ကြောင်း၊ ဘူးပင်စိုက် ပျိုးပြီး ၃ လ အကြာတွင် စတင်ခူးဆွတ်နိုင်ကြောင်း၊ ဘူးသီးကို အရွယ်အစားအလိုက် ဒေသပေါက်စျေး တစ်လုံးလျှင် ၇၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ရောင်းချရသဖြင့် မိသားစုအတွက် တစ်ဖက် တစ်လမ်းမှ အပိုဝင်ငွေရရှိနေကြောင်း မုဒုံမြို့နယ် ဖယ်ဒိုကျေးရွာမှ ဘူးပင်စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
မုဒုံမြို့နယ်တွင် ရာဘာစိုက်ပျိုးရေးနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး၊ မိသားစုစားသုံးရန်နှင့် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိရန် ဟင်းသီး ဟင်းရွက်များကိုလည်း အများအပြား စိုက်ပျိုးကြကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)