ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ကျန်းမာရေးအသိပညာပေးလုပ်ငန်းနှင့် ကိုဗစ်၁၉ရောဂါကာကွယ် ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

အလုံ နိုင်၀င်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ကျန်းမာရေးအသိပညာပေးလုပ်ငန်းနှင့် ကိုဗစ်၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လွတ်လပ်ရေးရပ်ကွက်ရှိ၊ မြန်မာ့စီးပွားရေးဘဏ်(ကြည့်မြင်တိုင်ဘဏ်ခွဲ)သို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ပေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် လွတ်လပ်ရေးရပ်ကွက်ရှိ၊ မြန်မာ့စီးပွားရေးဘဏ်(ကြည့်မြင်တိုင်ဘဏ်ခွဲ)သို့ သွားရောက်၍ ရွေ့လျားဆေးခန်းဖွင့်လှစ်ကာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မကူးစက်နိုင်သောရောဂါများရှာဖွေစစ်ဆေးခြင်း၊ ကုသမှုပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်း၊ ကိုဗစ်-၁၉ကာကွယ်ဆေး၊ Pfizer(Comirnaty JN.1) ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ထို့သို့ကုသမှုပေးရာတွင် အငြိမ်းစားဝန်ထမ်း(၄၄၈)ဦးအား ဆေးကုသမှုပေးခြင်းနှင့် ဘဏ်ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်း(၁၁၄၆)ဦးအား ကိုဗစ်-၁၉ကာကွယ်ဆေး Pfizer(Comirnaty JN.1) ထိုးနှံပေးခဲ့ပြီး ဘဏ်ဝင်းအတွင်းတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

ယောဧရာ(မြို့နယ်ပြန်/ဆက်)