အလုံ နို၀င်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အ.ထ.က(၃)ကျောင်းရှိ ဟားခါးပညာရေး ဒီဂရီကောလိပ် သီရိရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက နေရပ်စွန့်ခွာပြည်သူများ ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ဆန္ဒမဲပေးခြင်းအား ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ရွေးကော်အတွင်းရေးမှူးက ကြိုတင်မဲများအား ပယ်မဲ မဖြစ်စေရေးနှင့် ဆန္ဒပြုရမည့် အချက်များအား ချပြရှင်းလင်းဆွေးနွေးခဲ့ကြပြီး ကြိုတင်မဲပေးမည့် ပုံစံ-၁၅ အရ နေရပ်စွန့်ခွာပြည်သူ (၆၆) ဦးမှ တစ်ဦးချင်း ကြိုတင်ဆန္ဒမဲပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဟားခါးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုစုမောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကိုကို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဗိုလ်မှူးဌေးကြွယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြလှိုင်နှင့်အဖွဲ့ဝင်များ၊ အတွင်းရေးမှူး ဒေါ်ရင်ဝင်းဟန်၊ စော/တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်၊ စော/တောင် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဒေါ်စောသိန်း၊ အတွင်းရေးမှူး ဦးထွန်းအောင်ဖြူ၊ အလုံမြို့မရဲစခန်းမှ ဒုရဲအုပ် အောင်သူရိန်၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ စုစုပေါင်း (၉၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ယောဧရာ(မြို့နယ်ပြန်/ဆက်)