ပြည် နိုဝင်ဘာ ၂၅
ပြည်မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ပြည်မြို့ရှိ ပဲခူးတိုင်းဒေသကြီး ရေနံထွက်ပစ္စည်းစိစစ်ကြီးကြပ်ရေးရုံးခွဲ(ပြည်)၌ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုတို့ကို ကွင်းဆင်းဆောင်ရွက်ကြသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် အဆိုပါရုံးရှိ ဝန်ထမ်းများနှင့်မိသားစုဝင်များအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းစိုးက မီးလောင်မှုများမဖြစ်ပေါ်ရေးအတွက် အထူးသတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများကို ဆွေးနွေးဟောပြောပြီး တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် မီးသတ်ဆေးဘူးဖြင့်မီးငြှိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့်မီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)