ခန္တီး နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မီးလောင်မှုမီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုအနေဖြင့် ယနေ့နံနက် (၉) နာရီခွဲအချိန်က ပေါမိုင်းရပ်ကွက်ရှိ စွမ်းထက်စက်သုံးဆီဆိုင်အား သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါစစ်ဆေးခြင်းကို ခန္တီးခရိုင်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူးဦးအောင်မျိုးဝင်း ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လျှပ်စစ်ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ခန္တီးမြို့အတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးရန် စက်သုံးဆီဆိုင်များအနေဖြင့် ဆီများသိုလှောင်ထားရှိမှု၊ ရောင်းချနေမှုနှင့် မီးသတ်ဆေးဗူးထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်