ငွေဆောင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်း ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ မီးသတ်ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး၊ မြို့စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ စျေးသူ/စျေးသားများ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံစိတ်ချမှုရှိစေရေးတို့အတွက် အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းတို့ကို မတ်လ၂၇ရက်နေ့ညနေပိုင်းက ငွေဆောင်မြို့မစျေး၌ ဆောင်ရွက်ခဲ့သည်။