သနပ်ပင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြလေ့ကျင့်

သနပ်ပင် မတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံမှုရှိစေရေးအတွက် အသိသတိရှိကြရန် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် လျှပ်စစ်ဌာနတို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မီးငြိမ်းသတ်ခြင်းလက်တွေ့ သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့မနက် ၁၁ နာရီအချိန်က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ပြုလုပ်ခဲ့သည်။

သရုပ်ပြလေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းမင်းနှင့်အဖွဲ့ဝင်များက သနပ်ပင်မြို့နယ်တွင် ဌာနဆိုင်ရာမီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မြို့နယ်မီးဘေးလုံးခြုံ ရေးစစ်ဆေးခြင်း၊ 191 application ကိုပြည်သူများတွင်ကျယ်စွာ အသုံးပြုနိုင်ရေးတို့ကို ရှင်းပြခဲ့သည်။

ယင်းနောက် မီးသတ်ဝန်ထမ်းများက သရုပ်ပြမီးသတ်ခြင်း၊ လျှပ်စစ်ရုံးဝန်ထမ်းများက လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့်ရုံးအဆောက်အဦ မီးဘေးလုံခြုံရေးများစစ်ဆေးခြင်းတို့ကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)