ဒေးဒရဲမြို့နယ်၌ Swimming Doctors ဇီဝကဆေးခန်းရေယာဥ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် အထွေထွေရောဂါကုဆရာဝန်များ၊  ဆေးမှူးများ၊ သူနာပြုများပါဝင်သော ဇီဝကဆေးခန်းရေယာဥ်ဖြင့် ယနေ့နံနက် (၁၀) နာရီက ဒေးဒရဲမြို့နယ်၊ မိချောင်းအိုင်ကျေးရွာ၌ အခြေပြု၍ ပတ်ဝန်းကျင်ကျေးရွာများရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နောင်မွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာရာ မဲဆန္ဒရှင်ပြည်သူများလာရောက်ကြည့်ရှု

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီး၌ မြို့နယ်ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲက ကပ်ထားကြေညာလျက်ရှိရာပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ရွှေကျင်မြို့နယ်တွင် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်၌ ကောင်းမှုပြုသူများဖြင့် စည်ကား

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်တွင် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်နေ့၌ ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

မိုင်းရှူးမြို့နယ်တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

သီတင်းကျွတ်လပြည့်၌ ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)ဆက်ကပ်လှူဒါန်း

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဆီမီး (၁၀၀၀၀) ဆက်ကပ်လှူဒါန်းပူဇော်ပွဲအား ရွှေမော်ဓောဘုရားရင်ပြင်တော်ပေါ်၌ ပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ကံမမြို့ရှိ ဘုရား၊ စေတီပုထိုးများ၌ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုကြသူ ပြည်သူများဖြင့် စည်ကား

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊ အောက်တိုဘာ (၆) ရက်နေ့ညနေပိုင်းတွင် သရက်ခရိုင် ကံမမြို့ရှိ  ဘုရားစေတီပုထိုးများ၌ အများပြည်သူများ စိတ်အေး ချမ်းသာစွာ ဖူးမြော်ကြည်ညိုလျက်ရှိပြီး ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်တွင် ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲကျင်းပ

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင်ကန်ကြီးစေတီတော်ရင်ပြင်၌ ဆီမီး ၉၀၀၀ ကပ်လှူ ထွန်းညှိပူဇော်ပွဲကို ယမန်နေ့ညက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် သီတင်းကျွတ်လပြည့်‌နေ့ည၌ ဘုရားဖူးလာပြည်သူများဖြင့်စည်ကား

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ကန်ကြီးထောင့်မြို့နယ်ရှိ လောကမှန်ကူဆုတောင်းပြည့် စေတီတော်မြတ်ကြီးတွင် အောက်တိုဘာ ၆ရက် သီတင်းကျွတ်လပြည့်နေ့ညက ဘုရားကြီး၏ ဂေါပကအဖွဲ့များ၊ တာဝန်ရှိသူများနှင့် ဘုရားဖူးပြည်သူများမှ ဆီးမီးတစ်ထောင်အားထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့ သမိုင်းဝင်မြို့နာမ်စေတီတော်မြတ်၌ သီတင်းကျွတ်လပြည့်နေ့ ဆီမီး(၁၀၀၀၀) ကပ်လှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ လွိုင်ကော်မြို့ကျက်သရေဆောင် သမိုင်းဝင်မြို့နာမ်စေတီတော်မြတ်၌ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) ဆီမီး(၁၀၀၀၀) ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ညကကျင်းပသည်။

မုဒုံမြို့ရှိ ဆံတော်ရှင်ကန်ကြီးစေတီတော်၏ (၁၅၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော် မြတ်ကြီး၏ (၁၅၁) ကြိမ်မြောက် သီတင်းကျွတ်ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့က ကန်ကြီးမင်္ဂလာကန်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to