နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်အတွင်း ဖူးစားပြောင်းနှင့်အစေ့ ထုတ်ပြောင်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေပွဲ တက်ရောက်၊ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းကြည့်ရှု
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ဖူးစားပြောင်းနှင့်အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ(KC) ခန်းမတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနတိုင်း ညွှန်ကြားရေးမှူး ဦးသိန်းထွန်းနှင့် တာဝန်ရှိသူများ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုးနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။