မောက်မယ်မြို့နယ်၌ MEVM နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကျင်းပပြုလုပ်သည့် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်‌နေ့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် အပိုင်း(၂) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ကျရာအခန်းကဏ္ဍ၌ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူလျက် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့သည့် မြန်မာအီလက်ထရောနစ်(MEVM)နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် (၈) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)နှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့သည်။

သဲကုန်း​မြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ​နံရံကပ်စာ​စောင်ပြပွဲ ​ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ​နံရံကပ်စာစောင်ပြပွဲ​ကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန် အခြေခံပညာအထက်ကျောင်း(သဲကုန်း)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လားရှိုးမြို့ရှိ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်၌ (၁၁) ကြိမ်မြောက် နေ့ညအသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်၌ (၁၁) ကြိမ်မြောက် နေ့ညအသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သုခမင်္ဂလာဆင်း‌ရွှေလီသာသနာ့ဗိမာန်တော်အတွင်း၌ ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်‌ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။

မိုင်းယောင်းမြို့၌ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပနိုင်ရေး ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့၌ တီဘီရောဂါအသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်ကျင်းပသည့် တီဘီရောဂါအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ဗိုလ်မင်းရောင်ရပ်ကွက်၊ ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ စာသင်ဆောင်တွင် ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပညာရေးဌာနနှင့်ပူးပေါင်းပြီး (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက  မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့ အခြေခံပညာမူလတန်းကျောင်း(မြို့မတောင်ပိုင်း)တွင် မီးခိုးမြူငွေ့အန္တရာယ်နှင့် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မီးခိုးမြူငွေ့အန္တရာယ်နှင့် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်က မြို့မရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း(မြို့မတောင်ပိုင်း)ကျောင်းတွင် ကျင်းပပြုလုပ် ခဲ့သည်။

ချောက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး‌ဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယန်းမြို့မဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြသ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ရည်မှန်းချက်တာဝန်ကြီး (၄)ရပ်နှင့်အညီ မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပေါ်စေရေးတို့အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၂ နာရီက  မြို့မဈေးအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to