ဟိုင်းကြီးကျွန်းမြို့၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ဂေဟစနစ်ကောင်းမွန်စေရန်အတွက် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ဂေဟစနစ်ကောင်းမွန်စေရန်အတွက် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)ရပ်ကွက်တစ်ဖက်ကမ်းရှိ သောင်ပြင်၌ သစ်တောဦးစီးဌာနနှင့် မြို့အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။