လယ်ဝေး မတ် ၂၈
လယ်ဝေးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့သည်။
လယ်ဝေးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များတွင် ဆီထည့်နေစဉ်လိုက်နာရမည့်စည်းကမ်းချက်များ၊ ယာဉ်စက်များ စီတန်းရာတွင် ယာဥ်တစ်စီးချင်းအလိုက် ကားတစ်စီး စာချန်လှပ်၍ စီတန်းပေးရန်နှင့် ဆီဖြည့်နေစဉ်အတွင်း Trolley Type မီးသတ်ဆေးဘူးဖြင့် အရေးပေါ်မီးငြှိမ်းသတ်နိုင်ရေးတို့အတွက် စစ်ဆေးပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)