အ-ထ-က ပုသိမ်ကြီး၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးဟောပြောပွဲနှင့် လက်တွေ့ သရုပ်ပြသမှုများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု စာသင်ကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် အန္တရာယ်ကြုံတွေ့ပါက လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး၊ သရုပ်ပြသမှုများကို ယနေ့နံနက် ၉ နာရီက အ-ထ-က ပုသိမ်ကြီးကျောင်းရှိ အောင်ဇဗ္မူခန်းမဆောင်တွင် ဆောင်ရွက်ခဲ့သည်။

တံတားဦးမြို့နယ်အတွင်း အခြေခံပညာကျောင်း ၁၂၁ ကျောင်းရှိ KG တန်းကျောင်းသား၊ ကျောင်းသူများအား ပဉ္စမအကြိမ်ကျောင်းတွင်း နေ့လယ်စာအာဟာရကျွေးမွေး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း(၁၂၁)ကျောင်းတွင် ပညာသင်ယူနေသော KG တန်းမှကျောင်းသား၊ ကျောင်းသူ ၂၁၀၁ ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ကျောင်းတွင်းနေ့လယ်စာ ပဉ္စမအကြိမ် အာဟာရကျွေးမွေးမှုကို ဒီဇင်ဘာ ၁၁ ရက်နေ့နံနက်ပိုင်းက တံတားဦးမြို့ စကားအင်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ပန်းယျအခြေခံပညာ မူလတန်းကျောင်းတို့တွင် ဆောင်ရွက်ကြောင်း သိရသည်။

မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသမီး၊အမျိုးသား ကြက်တောင်ရိုက်ပြိုင်ပွဲ ကျင်းပ

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသမီး၊ အမျိုးသား ကြက်တောင်ရိုက် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါတက္ကသိုလ် အားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံစာ​​စောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံစာ​​စောင်ပြပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က အ.မ.က (သိမ်ကုန်း) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောက်မြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ် စာစောင် နံရံကပ်ပြပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန်နှင့် စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်စေရန်အတွက် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံး၊ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ် စာစောင် နံရံကပ်ပြပွဲကို ယမန်‌နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။

မောက်မယ်မြို့နယ် ဂေါ်ဒန်ကျောက် လုပ်ကွက်မြေနေရာသို့ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးတို့အတွက် ကျေးလက်နေပြည်သူများအနေဖြင့် လူနေမှုအဆင့်အတန်းမြင့်မားလာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြှင့်မားလာစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့သည် ယမန်နေ့ညနေပိုင်းက နမ့်လွတ်ကျေးရွာအုပ်စုရှိ ဂေါ်ဒန်ကျောက် လုပ်ကွက်မြေနေရာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့်ဗလငါးတန်ပြည့်စုံစေရန် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် လေ့ကျင့်ရေး အလယ်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မိုင်းရှူး(တောင်ပေါ်)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်(တောင်ပေါ်)တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အ.ထ.က(ဝမ်ကန်)နှင့် အ.လ.က-ခွဲ(ဆိုင်းလျှံ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပုလောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဆောင်ရွက်ပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ သွားရောက် ဆောင်ရွက်ပေးခဲ့သည်။

ကျွန်းစုမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ကျန်ရှိမှုမရှိစေရေး တတိယအကြိမ် မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင်မဲဆန္ဒရှင်ပြည်သူများ ကျန်ရှိမှုမရှိစေရေးနှင့် မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက်  တတိယအကြိမ် မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to