ဆင်ပေါင်ဝဲမြို့၌ စေတနာ့ဝန်ထမ်းအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊ ဆင်ပေါင်ဝဲမြို့နယ် ၊ မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ၊ စေတနာ့ဝန်ထမ်း လူမူကူညီရေးအသင်းအဖွဲ့များ တွေ့ဆုံပွဲ နှင့် အထောက်အကူပြုပစ္စည်း များပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။