ကျောက်မဲမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့်  ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်များကို အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ အသိပညာပေးဆော်ဩခြင်းမျာကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဌာနနှင့် အဖွဲ့တို့သည်  မြို့ပေါ် ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးဆော်ဩခြင်းများ ဆောင်ရွက်‌ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်၊ အလယ်ကုန်းကျေးရွာအုပ်စုရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ပြုလုပ်ပေး

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရန်အတွက် မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးလျက်ရှိရာ ပန်းခင်းစီမံချက်ဖြင့် အလယ်ကုန်း‌ကျေးရွာ အုပ်စုရှိ ဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီချိန်က သွားရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောစိုက်ဧက(၉၁၈)ဧက စိုက်ပျိုးထားရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောစိုက်ဧက (၉၁၈)ဧက စိုက်ပျိုးထားပြီး သံရွာ၊ ပုန်းညက်ကျေး၊ ရဲကြီး၊ အရှေ့ သာဂရ၊ ဖျောက်ဆိပ်ပင်၊ အနောက် ရေဖျားတော၊ အနောက်ငယ်တိုး၊ အနောက်ငါးဆူ၊ သင်ပျိုကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရပြီး သိရှိ ရသည်။

သာယာဝတီမြို့တွင် မြစ်မခရေတိုက်စားပြီး ကမ်းပြိုကျမှုကြောင့် ပြိုလဲပျက်စီးနေအိမ်များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း‌ ဒေသကြီး၊ သာယာဝတီခရိုင် ဦးစီးမှူးရုံးမှ ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်း များသည် ယမန်နေ့ ညနေ ၃ နာရီက စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာ၌ မြစ်မခမြစ်ရေတိုက်စားပြီး ကမ်းပြိုကျမှုကြောင့်

သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါကူးစက်ပြန့်ပွားမှုလျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို ကျေးရွာများအရောက် ဆောင်ရွက်လျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိကျေးရွာများအရောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြဝတီမြို့၌    စိတ်ချမ်းသာအောင်ဘယ်လိုနေမလဲနှင့်အခြားဆောင်းပါးများပါစာအုပ်ဖြင့်  စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌  စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ နှင့်အခြားဆောင်းပါးများပါစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်သည်။

ဒဂုံမြို့နယ်တွင် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်း ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော်တန်ဆောင်းတွင် ယမန်နေ့ နံနက်(၉)နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအ​ကြိမ် (Sinopharm) ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆေးထိုးနှံရာတွင် ဦးတည်အုပ်စုများဖြစ်သည့် ပုဂ္ဂလိကဝန်ထမ်းများ၊ စုစုပေါင်း (၃၇၀)ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

လှိုင်းဘွဲမြို့ စည်ပင်သာယာမြို့မဈေးအတွင်း ဈေးရောင်းသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Tesk Kit ဖြင့် စစ်ဆေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဈေးရောင်း/ဈေးဝယ်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် စည်ပင်သာယာမြို့မဈေးအတွင်း ဈေးရောင်းသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါ မြို့မဈေးအတွင်း၌ ဆောင်ရွက်ခဲ့သည်။

သီပေါမြို့နယ်ရှိ မြို့မဈေး၊ ဝက်ဝံယာယီပျံကျဈေးနှင့် နမ့်လန်မြို့မဈေးတို့အား ရက်အကန့်အသတ်မရှိ ဆက်လက်ယာယီပိတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများပြားကာ သေဆုံးမှုများ ရှိနေသောကြောင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ (၁၂-၇-၂၀၂၁)ရက်နေ့မှစတင်၍ Stay At Home မြို့နယ်အဖြစ် သတ်မှတ်ကြေညာခဲ့သဖြင့်  သီပေါမြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော  မြို့မဈေး၊ ဝက်ဝံ ပျံကျဈေးနှင့် နမ့်လန်မြို့မဈေးတို့အား (၁၃-၇-၂၀၂၁)ရက်နေ့ မှ (၇-၉-၂၀၂၁)ရက်နေ့အထိတစ်ကြိမ်၊       (၈-၉-၂၀၂၁)ရက်နေ့မှ (၂၀-၉-၂၀၂၁)ရက်နေ့အထိ တစ်ကြိမ်၊ (၂၁-၉-၂၀၂၁)ရက်နေ့မှ (၃၀-၉-၂၀၂၁)ရက်နေ့ အထိ တစ်ကြိမ်၊ (၁-၁၀-၂၀၂၁)ရက်နေ့မှ (၅-၁၀-၂၀၂၁)ရက်နေ့အထိတစ်ကြိမ်၊ စုစုပေါင်း  (၄)ကြိမ် ယာယီ ပိတ်ထားရန် သတ်မှတ် ကြေညာခဲ့ကြောင်း သိရသည်။
Subscribe to