ပိုင်ကျုံ အောက်တိုဘာ ၆
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ပိုင်ကျုံမြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး အသိ ပညာပေးနှိုးဆော်ချက်များကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် ထန်းတပင်ကျေးရွာ အုပ်စု၊ ထန်းတပင်ကျေးရွာသို့ကရင်၊ မြန်မာနှစ်ဘာသာဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ထိုသို့ အသိပညာပေး နှိုးဆော်ချက်များကြေညာရာတွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမီးသတ်ဦးစီး ဌာနနှင့်ကျေးရွာတာဝန်ရှိသူတို့က ပူးပေါင်း၍ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်ကူးစက် ပြန့်ပွားမှုလျှော့နည်းစေမည့်နည်းလမ်းများကိုကျေးလက်နေပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ မိဘပြည်သူများအနေဖြင့်အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ပါ၊သို့မှာသာရောဂါကွင်းဆက်ပြတ်တောက်ပြီးကူးစက်မှုကိုထိထိရောက်ရောက်ကာကွယ်နိုင်မှာဖြစ်ပါသည်။ ပြင်ပမှလာသောဧည့်သည်များ လက်မခံကြပါရန်နှင့်မိမိတို့ကလည်းအခြားသူများထံသွားရောက်ခြင်းမပြုကြရန်၊ အရေးကြီးကိစ္စကြောင့်အပြင်ထွက်ရပါကပါးစပ်နှင့်နှာခေါင်းစည်းကိုစနစ်တကျတပ်ဆင်ပါ၊ အခြားသူများနှင့်ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့်နှာခေါင်းစည်းမတပ်ထားသူများနှင့်တွေ့ဆုံခြင်း၊စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကိုရှောင်ကြပါ၊ အရာဝတ္တူတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့်မျက်စိတို့ကိုပွတ်သတ်ခြင်း၊ကိုင်တွယ်ခြင်းနှင့်ထိတွေ့ခြင်းမပြုလုပ်ကြပါရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများသွားလာခြင်းမှရှောင်ပါ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုးနှင့်နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါကဝေဒနာပြင်းထန်စွာခံစားရပြီးအသက်အန္တရာယ်ထိခိုက်နိုင်ပါသည်၊ မိမိတို့၌ရောဂါပိုးကူးစက်ခံနေရသည်ဟုသံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်စစ်ဆေးကုသမှု ခံယူကြပါရန်၊ အလှည့်ရရှိသော ကာကွယ် ဆေးများကိုမိမိတို့အတွက် အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးကိုအကြိမ်ပြည့်ထိုးနှံပါ၊ ကာကွယ်ဆေး ထိုးပြီးသော်လည်း ရောဂါကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာပါစသည့် ဆောင်ရန်/ရှောင်ရန် အချက်များအားHand Speaker ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)