မိုးနဲမြို့ မြို့အဝင်/ထွက် စစ်ဆေးရေးဂိတ်၌ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိဘဲ သွားလာသူများကို နှာခေါင်းစည်း(mask) အခမဲ့ တပ်ဆင်ပေးခြင်း လှုပ်ရှားမှုပြုလုပ်

မိုးနဲ အောက်တိုဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်ရှိ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လျော့ချနိုင်စေရန်နှင့် မိုးနဲမြို့တွင်းရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်/ထွက် စစ်ဆေးရေးဂိတ်ကို ဖွဲ့စည်းထားလျက်ရှိရာ ယနေ့ မနက် ၈ နာရီအချိန်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အဆိုပါနေရာသို့ သွားရောက်၍ နှာခေါင်းစည်း(mask) များ တပ်ဆင်သွားလာခြင်း မရှိသူများကို အခမဲ့ပေးဝေ တပ်ဆင်ပေးခဲ့ကြကြောင်းသိရသည်။

နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုပြုလုပ်သည့်နေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ စေတနာ့ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များပါသည့် ပူးပေါင်း အဖွဲ့များက ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော လမ်းညွန်ချက်နှင့် မြို့နယ်ကိုဗစ် ကော်မတီမှ ချမှတ်ထားသောစည်းကမ်းချက်များနှင့်အညီ လမ်းသွားလမ်းလာ နှာခေါင်းစည်း တပ်ဆင် ထားခြင်း မရှိသူများနှင့် ဟောင်းနွမ်းသော နှာခေါင်းစည်း တပ်ဆင်ထားသူများကို နှာခေါင်းစည်း(mask) များအခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။

ဇင်ကိုကို(ပြန်/ဆက်)