မဘိမ်း အောက်တိုဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ များနှင့် ဆက်စပ်ထိတွေ့ခဲ့သည့်သူများ၊ ဖျားနာ၍အနံ့ပျောက်သူများကို ယမန်နေ့ နေ့လယ်ပိုင်းက RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၈)ဦး ထပ်မံစစ်ဆေးတွေ့ရှိ ခဲ့သည်။
မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့ သူများ၊ ဖျားနာ၍အနံ့ပျောက်သူများကို မြို့နယ်ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် မြိုနယ် အတွင်းရှိ ကျေးလက်ကျန်းမာရေးဝန်ထမ်းများက RDT Test Kit ဖြင့် စစ်ဆေးလျက်ရှိရာ ယမန်နေ့ နေ့လည်ပိုင်းက လူဦးရေ(၂၇)ဦးအားစစ်ဆေးခဲ့ရာ မြို့မရပ်ကွက်မှ အမျိုးသမီး(၁)ဦး၊ နမ့်ပုံးပုံးရပ် ကွက်မှ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၂)ဦး၊ ကုန်းမခံကျေးရွာမှ အမျိုးသမီး(၁)ဦး၊ စုစုပေါင်း(၈)ဦး တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်ကု သဆောင်နှင့် မြို့နယ်ခန်းမတို့တွင် သီးသန့်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
မဘိမ်းမြို့နယ်တွင် အောက်တိုဘာ ၅ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြု လူနာပေါင်း(၆၂၂)ဦးအနက် ကျန်းမာ၍ဆေးရုံဆင်းခွင့်ရရှိသူ(၃၉၃)ဦးနှင့် သေဆုံးသူ(၁၆)ဦး ရှိပြီဖြစ် ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မျိုးမင်း (ပြန်/ဆက်)