မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက်  မြန်မာနှင့်ပိုးကရင်နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မြန်မာ ဘာသာ၊ပိုးကရင်ဘာသာတို့ဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ နှင့်လမ်းဆုံလမ်းခွများတွင် အသိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ကို ပေါင်မြို့နယ်တွင် တတိယအသုတ်အဖြစ် ပြည်သူများ အား ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၅၅)နှစ်နှင့်အထက် ပြည်သူများကို အောက်တိုဘာ ၆ နံနက် ၉နာရီက တတိယအသုတ်အ​​နေဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) စုရပ် (၇)နေရာ၌ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

အောက်ဆီဂျင်စက်ရုံအတွက်အသုံးပြုမည့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာနှင့် စပ်ဆက်ပစ္စည်းများ ပွင့်ဖြူမြို့သို့ ရောက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်း လူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက်အခက်အခဲ မဖြစ်စေရေးအတွက် ပွင့်ဖြူမြို့ ၊ သက်တော်ရှည် ရပ်ကွက်ရှိ စကားဝါလမ်းထောင့်နှင့် အင်ကြင်းလမ်းထောင့်ရှိ မြေကွက်တွင် အောက်ဆီဂျင်စက်ရုံ အ‌ကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အောက်ဆီဂျင်စက်ရုံအတွက် အသုံးပြုမည့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာနှင့် စပ်ဆက်ပစ္စည်းများ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးတင့်ဇော်နှင့် ဝန်ထမ်းများက လျှပ်စစ်မီးအသုံးပြုနိုင်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဝမ်း ထံက သိရသည်။

ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအား အသိပညာပေး နှိုးဆော်

 တနင်္သာရီတိုင်းဒေသကြီး၊၊ မြိတ်ခရိုင်၊ပလောက်မြို့၊အမှတ်(၃)ရပ်ကွက်တွင်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ်ရေးဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ညနေ(၃)နာရီက ပလောက်မြို့  ၊အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများပူးပေါင်း၍ ရပ်ကွက်အတွင်း ရှိလမ်းဆုံ၊လမ်းခွတို့တွင် Handspeakerဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်ခဲ့သည်။

အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

မကွေးတိုင်းဒေသကြီး၊​ ချောက်မြို့နယ်၌ အသက်(၈၅)နှစ် အထက်သက်ကြီးဘိုးဘွားများအား နိုင်ငံတော် မှ လူမှုရေးပင်စင်များကို ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂ဝ-၂၀၂၁ ဘဏ္ဍာနှစ်၊ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်​နေ့မှစတင်၍ အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက် ပြည်သူများနှင့်ဦးတည်အုပ်စုများမှ ပြည်သူ(၆၃၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ်(ပထမအကြိမ်)ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခြင်းကို အောက်တိုဘာလ (၅)ရက်၊ နံနက်(၉)နာရီမှနေ့လယ်(၁)နာရီအထိ တက္ကသိုလ်ဓမ္မာရုံတွင် ကျား (၆၉)ဦး၊ မ(၉၆)ဦး၊ ပေါင်း(၁၆၅)ဦး၊ အမက(၂၉)၊ မုံရွာတောင်ရပ်ကွက်တွင် ကျား(၂၇)ဦး၊မ(၂၈)ဦး၊ပေါင်း(၅၅)ဦး၊ ရွှေစည်းခုံသာသနာ့ဗိမ္မာန်တော်တွင် ကျား (၈၃)ဦး၊ မ(၉၇)ဦး၊ ပေါင်း(၁၈၀)ဦး နှင့် အထက(၂)တွင် ကျား(၈၃)ဦး၊ မ(၁၄၇)ဦး၊ ပေါင်း(၂၃၀)ဦး စသည့်သတ်မှတ်နေရာ(၄)ခုတွင် ကျား(၂၆၂)ဦး၊ မ(၃၆၈)ဦး၊ ပေါင်း(၆၃၀)ဦးတို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်နယ် စပ်ကုန်စည်စီးဆင်းမှု ပုံမှန်အတိုင်းပြန်လည်ဆောင်ရွက်နိုင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့်ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်းရှိကန်ပိုက်တီ၊လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများတစ်ဆင့်မြန်မာတရုတ်ကုန်သွယ်မှုလုပ်ငန်းများကိုလုပ်ထုံးလုပ်နည်းနှင့်အညီလွယ်ကူမြန်ဆန်စွာ စနစ်တကျ ဆောင်ရွက်သွားနိုင်ရေး၊ နိုင်ငံတော်မှရသင့်ရထိုက်သော အခွန်အခများ အပြည့်အဝ ရရှိစေရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံးမလိခခန်းမ၌ ကျင်းပသည်။

လွိုင်လင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၈၀၉ ဦး ရှိပြီဖြစ်

ရှမ်းပြည်နယ်( တောင်ပိုင်း) လွိုင်လင်မြို့နယ်တွင် အောက်တိုဘာလ ၅ ရက်နေ့ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test kit ဖြင့် (၁၄၉)ဦး အား စစ်ဆေးရာ ၄၆ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း၊ အဆိုပါ ရောဂါပိုးတွေ့ရှိမှုတွင် လွိုင်လင်မြို့မှ (၄၂)ဦး၊ပင်လုံမြို့နယ်မှ (၄)ဦးဖြစ်ကြောင်းသိရသည်။

ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့အသိပေး ပန်ကြားချက်များ ကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၇)ဦး ထပ်မံတွေ့ပြီး ပိုးတွေ့လူနာ(၁၇၆)ဦးအထိ ရှိလာ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ  ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာ (၇)ဦးထပ်မံတွေ့ရှိ ကြောင်းကို မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ  တာဝန်ရှိသူထံက သိရသည်။
Subscribe to