ဆင်ပေါင်ဝဲ အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊ ဆင်ပေါင်ဝဲမြို့နယ် ၊ မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ၊ စေတနာ့ဝန်ထမ်းလူမူကူညီရေးအသင်းအဖွဲ့များ တွေ့ဆုံပွဲ နှင့် အထောက်အကူပြုပစ္စည်း များပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန့်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက ကိုဗစ်-၁၉ တိုက်ဖျက်ရေး လုပ်ငန်းတွင် ပူးပေါင်းပါဝင်ခဲ့သည့်အသင်းများအား ကျေးဇူးတင် စကားပြောကြားပြီး ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားကြရန် ၊ အသင်း အဖွဲ့များ မှတ်ပုံတင်ရေးကိစ္စများအား မှာကြားခဲ့သည်။
ဆက်လက်ပြီး စေတနာ့ဝန်ထမ်းအသင်းအဖွဲ့များမှ အသင်းအလိုက် ဆောင်ရွက်မူများအားတင်ပြပြီး ၊ မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် စေတနာ့ဝန်ထမ်း အထောက်အကူပြု ရေးအဖွဲ့ဝင်များမှ စေတနာ့ဝန်ထမ်းအသင်း(၁၂)သင်းအား ကိုဗစ်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ချိုချိုဝင်း