ကိုဗစ်-၁၉ တတိလှိုင်းနှင့် မိုင်းယောင်း ပရဟိတ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားလျက်ရှိရာ ဇူလိုင် ၅ ရက်မှ အောက်တိုဘာ ၅ ရက်အထိ သုံးလအတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၅၉၀ ဦးဖြစ်ပြီး ဆေးရုံဆင်းခွင့်ရသူ ၄၀၇ ဦး၊ သုံးဦး သေဆုံးကာ လက်ရှိတွင် ၁၈၀ ဦး ကျန်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။