မိုးမိတ်မြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးလာရောက်ထိုးနှံနိုင်ရေးနှင့် ကြိုတင် ကာကွယ်နိုင်ရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မိုးမိတ်   အောက်တိုဘာ ၆ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာအောက်တိုဘာ ၆ ရက် နံနက် ၉ နာရီခွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဒုတိယဦးစီးမှူး ဒေါ်နန်းပီးနှင့်ဝန်ထမ်းများက ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးလာရောက်ထိုးနှံနိုင်ရေးနှင့် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် လက်ကိုင်အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခြင်းကို  တောင်ကိုင်းကျေးရွာ အုပ်စု ညောင်ပင်စောက် ကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင်     ပြည်သူများအနေဖြင့် နိုင်ငံတော်မှပြည်သူများအတွက် ကာကွယ် ဆေးများကို အခမဲ့ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးလာရောက်ထိုးနှံခြင်းဖြင့် ကိုဗစ် ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရာတွင် ပြည်သူများမှ ပူးပေါင်းပါဝင်ပြီး ကာကွယ် တိုက်ဖျက်သွားနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် နှင့် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်နှင့် မိမိတို့ကလည်း အခြားသူများထံသွား ရောက်ခြင်း မပြုကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါရန်၊  ရောဂါပိုးရှိသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှု ခံယူကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များကို ဒေသခံတိုင်းရင်းသားမိဘပြည်သူများ အားလုံးကကိုယ်စီ လိုက်နာပြီး  ကျန်းမာရေးအသိ၊သတိများရရှိစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် လှည့်လည် အသိပေး နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မိုးမိတ်သား(ခရိုင်ပြန်/ဆက်)