တာလေ အောက်တိုဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ ထိန်းချုပ်ရေး စီမံချက်ကာလအတွင်း ရောဂါပိုးကူးစက်ခံရသူများနှင့် အခြေခံလူတန်းစား အိမ်ထောင်စု (၁၆၅)စုတို့အား ယမန်နေ့က စားသောက်ကုန်ပစ္စည်းများ လိုက်လံထောက်ပံ့ လှူဒါန်းခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စီမံချက်ကာလအတွင်း စားဝတ်နေရေး အခက်အခဲများဖြစ်ပေါ်နေမှုကို အထောက် အကူဖြစ်စေရန်အတွက် တာလေမြို့ အုပ်ချုပ်ရေးမှူး ဦးချစ်ကိုနှင့် အလှူရှင်များဖြစ်သည့် တာလေခင်မောင်လတ် သတ္တုတူးဖော်ရေးကုမ္မဏီ၊ ရွှေလွှိုင်ဆမ်ဆစ် သတ္တုတူးဖော်ရေးကုမ္မဏီ အုပ်ချုပ်မှုဒါရိုက်တာ၊ တာလေဌာနေ ပြည်သူ့စစ်ခေါင်းဆောင် ဦးအိုက်ပေါက် မိသားစုတို့က တာလေမြို့ပေါ် ရပ်ကွက်(၄) ရပ်ကွက် နှင့် နားယောင်းကျေးရွာ အုပ်စု၊ ရန်ကင်း(၁)ကျေးရွာများမှ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူများနှင့် အခြေခံလူတန်း စားအိမ်ထောင်စု(၁၆၅)စုတို့အား တန်ဖိုးငွေကျပ်သိန်း(၆၀)တန်ဖိုးရှိ ဆန်၊ဆီ၊ဆား၊ခေါက်ဆွဲခြောက်၊ငါးသေတ္တာ၊ ဟင်းချိုမုန့်၊ အာလူး၊ကြက်သွန် နှင့် ကြက်ဥ စသည့် အခြေခံစားသောက်ကုန်များကို စနစ်တကျ လိုက်လံ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)