ဒက္ခိဏသီရိမြို့နယ်တွင် ပြည်သူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိ

ဒက္ခိဏသီရိ အောက်တိုဘာ ၅

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင်  နာတာရှည်ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက် (၅၀)နှစ်နှင့်အထက်အသက်ကြီးသူများနှင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် ဦးတည်အုပ်စု အလိုက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစတင်၍ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်မှဆေးအဖွဲ့များက ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ နာတာရှည် ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက် ၅၀ နှစ်နှင့်အထက်အသက်ကြီးသူများ၊ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသည့် ဦးတည်အုပ်စုအလိုက်ပြည်သူများ စုစုပေါင်းလူဦးရေ (၄၅၀)ဦးကို ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပြီး ကိုဗစ်−၁၉ ရောဂါကာကွယ် ဆေးထိုးရန်ကျန်ရှိ သူများကို အောက်တိုဘာ(၉)ရက်နေ့အထိ ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက် သူများအား စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်းမာရေးကောင်းမွန်သူများကိုသာ‌ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ သက်ဆိုင်ရာကျန်းမာရေးဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)