ရမည်းသင်း အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံ ခြင်းကို ယနေ့ နံနက်ပိုင်း ရမည်းသင်းမြို့ လက်ဆည်ကန်ကျေးရွာ၌ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံသည့်နေရာသို့ ဆေးထိုးရန်လာရောက်သော ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ မှတ်တမ်းရေးသွင်းခြင်းများကို ကျန်းမာရေးဝန်ထမ်းများ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက ဆောင်ရွက် ပေးလျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်ဦးဆောင်၍ သူနာပြုဆရာမများဖြင့်အဖွဲ့(၇)ဖွဲ့ခွဲကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရန်နိုင်ထွန်း(ပြန်/ဆက်)