ဆီဆိုင် အောက်တိုဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တာဆီးရေးအတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပိုးသတ်ဆေးများ သွားရောက်ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်းလူငယ်အဖွဲ့တို့က ဆီဆိုင် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့နေအိမ်များသို့ ပိုးသတ်ဆေးများ သွားရောက်ပက်ဖျန်းပေးခြင်းဖြစ်ပြီး တစ်ရက်လျှင် နံနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်းတစ်ကြိမ် နေ့စဉ်သွားရောက်ပက်ဖျန်းပေးခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဆီဆိုင်မြို့နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံး ရောဂါဆိုးကြီးကနေ ကင်းဝေးစေရန်အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီရခြင်း ဖြစ်ကြောင်း မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်းလူငယ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)