ဇေယျာသီရိမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့သော ပြည်သူများအား နေပြည်တော်ကောင်စီမှ ထောက်ပံ့ဆန်ပေးအပ်

နေပြည်တော် အောက်တိုဘာ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့သော ပြည်သူများအား နေပြည်တော်ကောင်စီမှ ထောက်ပံ့ဆန်ပေးအပ်ပွဲကို ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။           

အခမ်းအနားတွင် ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေထက်အောင်က ကိုဗစ်-၁၉ တတိယလှိုင်းတွင် ဇေယျာသီရိမြို့နယ်အတွင်းရှိ မိဘပြည်သူအများအပြား ကူးစက်ခံရပြီး  ရောဂါပိုးကူးစက်ခံရသူများအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သန်းလင်းနှင့် တာဝန်ရှိ သူများက ဇေယျာသီရိမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ တတိယလှိုင်းတွင် ရောဂါဖြစ်ပွားခဲ့သော ပြည်သူ ၂၅၂ ဦးအား တစ်ဦးလျှင် ဆန် ၂ ပြည်နှုန်း ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ထောက်ပံ့ ဆန် လက်ခံရရှိခဲ့သည့် ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့   ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သန်းလင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့်တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)